One Stop Beauty Resource

အိမ်မှာပဲ Yoga ကစားချင်ပါတယ်ဆိုသူများအတွက် လွယ်လွယ်ကူကူ Yoga ကစားနည်းပေါင်းချုပ်လာပါပြီ။

အိမ်မှာပဲ Yoga ကစားချင်ပါတယ်ဆိုသူများအတွက် လွယ်လွယ်ကူကူ Yoga ကစားနည်းပေါင်းချုပ်လာပါပြီ။ 😍😍😍
.
🌺စိတ်ရော ကိုယ်ပါ လှပလာစေနိုင်တဲ့ အခြေခံ အသက်ရှု ယောဂကျင့်နည်း
အခြေခံ ယောဂကျင့်နည်းကို တစ်ရက်ကို 5 မိနစ်မှ 10မိန် ခန့် ပြုလုပ်ပေးခြင်းဖြင့် အသားအရေ ပိုမိုကောင်းမွန်လာ စေနိုင်ပါတယ်။ဒါအပြင် သွေးလည်ပတ်မှုကိုပါ ပိုမိုကောင်းမွန်လာစေနိုင်ပါတယ်။

🌺ကျီးပေါင်းတက်တာကိုပါ သက်သာစေတဲ့ ခေါင်းလေ့ကျင့်ခန်း
ဒီလေ့ကျင့်ခန်းလေးကတော့ ဂုတ်ကျီးပေါင်းကို သက်သာစေသည်။ ဇက်ကျောတက်ခြင်း ခေါင်းကိုက်ခြင်းများ သက်သာစေသည်။ ခေါင်းနှင့်ပတ်သက်သော ပြသာနာများကို သက်သာစေသည်။ လည်ပင်း2/3ထပ်အဆီများကိုကျစေသည်။

...
🌺ထိုင်လျက် ခါးရှေ့ကွေးအခြေခံ ယောဂကျင့်နည်း
ဒီယောဂ လေ့ကျင့်ခန်းလေးက ဝမ်းချုပ်တဲ့ ပြသာနာကို ပြေလည်စေပြီး ညောင်းညာတောင့်တင်းမှုတွေကို ပြေလျော့စေပါတယ်။

.
🌺ခါးဘေးအဆီ လျော့ကျစေတဲ့နည်းလမ်း
ဒီလေ့ကျင့်ခန်းလေးက ခါးဘေးကအဆီတွေကို လျော့ကျစေတဲ့ အပြင် လက်မောင်းနောက်သားတွေကို လည်း ကျစ်လစ် စေပါတယ်။ Gym Trainer ဆရာမနဲ့ တူတူ လိုက်လုပ်ကြည့်ကြမယ်။

.
🌺အခြေခံ ယောဂလေ့ကျင့်နည်း
ပုခုံးဆစ်ကို သွက်လက် ချောင်ချိစေသည်။ ပုခုံး လည်ပင်းတဝိုင် တွင်သွေးလည်ပတ်မှုအားကောင်းစေပါတယ်။ လက်ပြင်ကုန်းတာကို ပြုပြင်စေသည်။

.
🌺တင်ပါးဘေးကိုပြည့်စေတဲ့လေ့ကျင့်နည်း
တင်ပါးပြည့်ချင်ပြီးတော့ တင်ပါးသားတင်းရင်းချင်တဲ့သူတွေ ၊ ပေါင်သားတင်းရင်းပြီးတော့ ပေါင်သားကျစ်လျစ်ချင်တဲ့သူတွေအတွက် လေ့ကျင့်ခန်းလေးပါ။

.
🌺ပေါင်နဲ့တင်ပါး အကြောလျော့နည်း
ဒီတစ်ခါ လေ့ကျင့်နည်းလေးက စက်ဘီးစီးတဲ့လူတွေ အပြေးသမား တွေအတွက် အကျိုးရှိစေမဲ့ လေ့ကျင့်နည်းပဲ ဖြစ်ပါတယ်။တင်ပါးကအကြောတွေကိုလျော့စေပြီး ပေါင်ရင်းတင်းအားတွေကိုလည်း လျော့ကျပေးပါတယ်။
.
🌺ဗိုက်အောက်ပိုင်းအဆီကျစေတဲ့လေ့ကျင့်ခန်း (၂)
ဗိုက်ခေါက်ကြီးထူနေရင်တော့ ကြည့်မကောင်းပါဘူးနော်။ စားသမျှအဆီတွေ ဗိုက်မှာစုနေလို့ပဲဖြစ်ဖြစ် အထိုင်များလို့ပဲဖြစ်ဖြစ် အဆီတွေကျချင်တယ်ဆိုရင်တော့ ဒီလေ့ကျင့်ခန်းလေးကို လုပ်ကြည့်ကြပါ။ မိန်းခလေးတွေအတွက်လည်း သားအိမ်ကို အားကောင်းစေပါတယ်။
.
🌺ပေါင်ရင်း အကြောလျော့လေ့ကျင့်နည်း
ဒီလေ့ကျင့်ခန်းလေးက အောက်ပိုင်းအကြောတွေကိုဖြေလျော့ပေးပြီး ပေါင်ရင်းတင်းအားတွေကို သိသိသာသာ လျော့ကျစေပါတယ်။
.
🌺ဟော်မုန်းကိုထိန်းညှိပေးတဲ့ယောဂကစားနည်း
ကျောရိုးအဆစ် လက်မောင်း တံတောင် စတဲ့နေရာတွေ ကိုဆွဲဆန့်ပေးတယ်။ ခေါင်းကို သွေးအရောက်များစေတယ်။ ဟော်မုန်းကို ထိန်းညှိပေးတယ်။

.
🌺တံကောက်ကွေးနဲ့ ပေါင်အကြောလျော့နည်း
ဒီလေ့ကျင့်ခန်းလေးက တံကောက်ကွေးအကြောတွေကို လျော့စေတဲ့အပြင် ပေါင်ရင်းအကြောတွေကိုလည်း လျော့စေပါတယ်။
.
အခုမကစားနိုင်သေးရင်တောင် Wall ထဲမှာ ရှဲပြီး သိမ်းထားလိုက်နော်။ 😍နောက်လည်း အခုလို ယောဂကစားတဲ့ Video အသစ်လေးတွေ ပုံမှန်မျှဝေပေးသွားမှာမို့ Page ကို လိုက်ခ်လုပ်ထားဖို့လည်းမမေ့နဲ့ဦး ချစ်တို့ရေ...<3

#MyanmarDrecomeBeauty #Yoga