One Stop Beauty Resource

လွယ်လွယ်ကူကူနဲ့ ဝက်ခြံပျောက်ကင်းအောင်လုပ်ကြမယ် - Beauty & Wellness Online shop in Myanmar | Drecome Beauty

လွယ်လွယ်ကူကူနဲ့ ဝက်ခြံပျောက်ကင်းအောင်လုပ်ကြမယ်

အဖိုးနှုန်းသက်သာပြီး လွယ်ကူအဆင်ပြေတဲ့ နည်းလမ်းလေးတွေနဲ့ ဝက်ခြံကိုပျောက်ကင်းအောင် ကုသကြမယ်

ပျားရည်နဲ့သစ်ကြပိုးခေါက်
သစ်ကြပိုးခေါက်နဲ့ပျားရည်ကို ဆတူရောစပ်ပြီး ရေခဲသေတ္တာထဲမှာ တစ်ညသိပ်ထားရပါမယ်။ လိမ်းတဲ့အခါမှာတော့ အင်္ကျီတွေအရောင်စွန်းထင်းနိုင်လို့ သတိထားရပါမယ်။ မိနစ်အနည်းငယ်ခန့် မျက်နှာပေါ်မှာထားပြီး ရေနွေးနွေးလေးနဲ့ အသာအယာဆေးချရပါမယ်။

သဘာဝပေါင်းတင်နည်းများအကြောင်း

ယောဂကစားနည်းပေါင်းချုပ်

ဒိန်ချဉ်
ဒိန်ချဉ်သန့်သန့်ကို မျက်နှာမှာလိမ်းကျံပေးခြင်းအားဖြင့် ကြည်လင်လန်းဆန်းစေပြီး နီမြန်းရောင်ရမ်းမှုတွေ လျော့ကျစေပါတယ်။ မျက်နှာပေါ်မှာ မိနစ်၂၀လောက်ထားပြီး ရေနဲ့ဆေးချပေးရပါမယ်။

သံလွင်ဆီနဲ့သကြားညို
သံလွင်ဆီအနည်းငယ်ကို သကြားညိုနဲ့ရောစပ်ကာ scrub ပြုလုပ်ပြီး မျက်နှာကိုဆေးကြော သန့်စင်နိုင်ပါတယ်။ ဝက်ခြံကိုကုသရာမှာ အစွမ်းထက်တာကြောင့် ကွဲပြားမှုကို သိသိသာသာ တွေ့ရှိရမှာပါ။

အုန်းဆီ
သဘာဝ moisturizer ဖြစ်တဲ့ အုန်းဆီဟာ ရနံ့လေးကမွှေးကြိုင်တဲ့အပြင် မှန်မှန်အသုံးပြုပါက ဝက်ခြံတွေကို ပျောက်ကင်းစေပါတယ်။

မုန့်ဖုတ်ဆော်ဒါ
မုန့်ဖုတ်ဆော်ဒါ စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ရေနွေးအနည်းငယ်ရောစပ်ပြီး ခရင်မ်ပျစ်ပျစ်ဖြစ်အောင် မွှေပေးပါ။ မျက်နှာပေါ်မှာ သုတ်လိမ်းပြီး ခြောက်သွေ့တဲ့အထိ ထားပါ။ ၁၅မိနစ် ၊ မိနစ်၂၀ခန့် ထားပြီးတဲ့အခါ ရေနွေးနွေးလေးနဲ့ဆေးချပြီး မျက်နှာကို ခြောက်သွေ့အောင် သုတ်ပေးပါ။

‘’ ကျန်းမာလှပစုံလင်စွာ Drecome Beauty မှာ ‘’
#drecomebeauty #drecomemyanmar #waysforacne