One Stop Beauty Resource

Oily Skin အတွက် အိုမင်းရင့်ရော်မှုထိန်းသိမ်းကာကွယ်နည်းများ

အဆီပြန်အသားအရေပိုင်ရှင် အမျိုးသမီးတွေဟာ အခြားအသားအရေပိုင်ရှင်တွေထက်စာရင် အရေးအကြောင်းနဲ့ ပါးရေတွန့်ခြင်းတွေ ဖြစ်ပွားမှုလျော့နည်းပါတယ်။ တခြားသူတွေထက် အိုမင်းရင့်ရော်မှု နောက်ကျနိုင်ပေမယ့် အများနည်းတူတော့ ထိန်းသိမ်းကာကွယ်မှုတွေကို ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

အမြှုပ်ထတဲ့မျက်နှာသစ်တွေကို ရှောင်ကျဉ်ပါ!
အိုမင်းရင့်ရော်မှုကို ကာကွယ်နိုင်တဲ့နည်းလမ်းကတော့ မိမိသုံးနေကျ Skin care Products များကို ပြောင်းလဲသုံးစွဲဖို့ မေ့လျော့နေသလို မတွေးထားမိတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ Cream cleanser တွေနဲ့ မတည့်တဲ့သူတွေဟာ Gel cleanser ကို ရွေးချယ်သုံးစွဲသင့်ပါတယ်။ Cream cleanser တွေဟာ အဆီပြန်တဲ့အသားအရေကိုတောင်မှ ခြောက်သွေ့စေတာကြောင့် အသားအရေအတွက် ပိုမိုထိရောက်မှုရှိစေမယ့် မတူညီတဲ့အမျိုးအစားတစ်ခုကို ပြောင်းလဲသုံးစွဲသင့်ပါတယ်။

နေရောင်ကာခရင်မ်လိမ်းပါ!
ဘယ်လိုအသားအရေမျိုးကို ပိုင်ဆိုင်ထားသည်ဖြစ်စေ နေရောင်ကာခရင်မ်ကိုတော့ မဖြစ်မနေလိမ်းပေးရပါမယ်။ နေရောင်ခြည်နဲ့ ထိခိုက်မိခြင်းဟာ အပြင်ဘက်အရေပြားလွှာကနေ အတွင်းပိုင်းထိ ဖောက်ထွင်းဝင်ရောက်စေတာကြောင့် အိုမင်းရင့်ရော်မှုဖြစ်စဉ်ကို
ပိုမိုဆိုးရွားစေပါတယ်။ ဒါကြောင့် နေရောင်ကာခရင်မ် စတင်လိမ်းပြီး နေရောင်ခြည်ကြောင့် အသားအရေပျက်စီးမခံပဲ ငယ်ရွယ်နုပျိုလှပစွာ ရှင်သန်နိုင်ပါတယ်။

အလွန်အကျွံမျက်နှာမသစ်သင့်ပါ!
အဆီပြန်အသားအရေပိုင်ရှင်တွေဟာ စေးကပ်ကပ်နိုင်တဲ့ ခံစားမှုကြောင့် မကြာခဏ မျက်နှာသစ်ချင်ကြပါတယ်။ ဒါပေမယ့် ဆေးကြောချိန်တိုင်းမှာ cleanser မသုံးစွဲသင့်ပါဘူး။ အလွန်အကျွံမျက်နှာသစ်ခြင်းဟာ အသားအရေကို ခြောက်သွေ့စေတဲ့အတွက် အိုမင်းရင့်ရော်စေတဲ့ လက္ခဏာတွေကို ပိုမိုသိသာလာစေပါတယ်။

အိပ်ရေးဝဝအိပ်ပါ!
အိပ်ရေးဝအောင်အိပ်ခြင်းကတော့ အသားအရေအမျိုးအစားအားလုံးကို သက်ရောက်မှုဖြစ်စေမယ့် နည်းလမ်းပဲဖြစ်ပါတယ်။ အိပ်စက်ရာမှာလည်း ပက်လက်အနေအထားဖြင့် အိပ်စက်ခြင်းဟာ အကောင်းဆုံး ကိုယ်ဟန်အနေအထား ဖြစ်ပါတယ်။ မှောက်လျက်အိပ်မယ်ဆိုရင် မျက်နှာပေါ်ကအသားအရေတွေကို လျင်လျင်မြန်မြန် အိုမင်းရင့်ရော်စေပြီး အရေးအကြောင်းတွေလည်း ပေါ်လာစေနိုင်ပါတယ်။

‘’ ကျန်းမာလှပစုံလင်စွာ Drecome Beauty မှာ ‘’
#drecomebeauty #drecomemyanmar #antiagingoilyskin