One Stop Beauty Resource

ဝက်ခြံကြောင့်ဖြစ်တဲ့အမာရွတ်တွေကို စိန်ခေါ်လိုက်ရအောင်

မည်သူမဆို ဘယ်အသက်အရွယ်မှာမဆို ဝက်ခြံပေါက်တတ်ပါတယ်။
ဝက်ခြံနဲ့အမာရွတ်တွေ ကင်းဝေးစေဖို့ ဘေးဥပဒ်ကင်းတဲ့နည်းလမ်းလေးတွေ မျှဝေပေးလိုက်ပါတယ်နော်

လိမ္မော်ခွံမှုန့်နဲ့ဂျုံမှုန့်ကို ဆတူရောစပ်ပြီး မျက်နှာပေါ်မှာ တစ်ခါလိမ်းစာလောက် ရေအနည်းငယ်မှာ 
၁၅မိနစ်ခန့်စိမ်ထားပါ။ ထို့နောက် ခပ်ပျစ်ပျစ်ဖြစ်သွားအောင်မွှေပြီး ဝက်ခြံပေါ်မှာ ညင်သာစွာလိမ်းပေးပါ။ ဆယ်မိနစ်လောက်ထားပြီးနောက် ကြက်သီးနွေးရေနဲ့ ဆေးချပေးပါ။ ရက်သတ္တပတ် လေးပတ်ကနေ ခြောက်ပတ်အတွင်းမှာ ဝက်ခြံတွေကို နှိမ်နင်းနိုင်ပါလိမ့်မယ်။

နောက်တစ်နည်းကတော့ သံပုရာခွံကို အသုံးပြုရမှာပါ။
ရေမချိုးခင်အချိန်တိုင်းမှာ မျက်နှာကိုသံပုရာခွံနဲ့ စက်ဝိုင်းပုံစံခပ်ဖြေးဖြေးပွတ်ပေးပြီး ရေနွေးနွေးနဲ့ဆေးချရမှာပါ။

ဝက်ခြံတွေဆက်မထွက်အောင် တားဆီးကာကွယ်နိုင်တဲ့ နောက်တစ်နည်းကတော့ ရေနွေးငွေ့သုံးခြင်းပါပဲ။ မျက်နှာပြင်ကို ၅မိနစ်ခန့်လောက်ကြာအောင် ရေနွေးငွေ့နဲ့ထိတွေ့စေပြီး အဝတ်စိုအသန့်တစ်ခုနဲ့ သုတ်ပေးပါ။ ဝက်ခြံဖြစ်ပေါ်လာစေမယ့် အဆီပိုတွေစုစည်းခြင်းကို ထိန်းချုပ်နိုင်ပြီး ချွေးပေါက်တွေကို ပိတ်စေနိုင်ပါတယ်။

ဈေးကြီးပေးရတဲ့ skincare တွေကို ဝယ်ယူသုံးစွဲရုံနဲ့ ဝက်ခြံကိုနှိမ်နင်းပစ်လို့မရပါဘူး။ စားသောက်မှုပုံစံ၊ နေထိုင်မှုအလေ့အထနဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုတို့ အားလုံးပေါင်းစပ်ပါဝင်မှသာ ဝက်ခြံတွေကိုအပြတ်ရှင်းနိုင်မှာပါ။

‘’ ကျန်းမာလှပစုံလင်စွာ Drecome Beauty မှာ ‘’
#drecomebeauty #drecomemyanmar #acnescar