One Stop Beauty Resource

Glow Skin ရအောင် သင်ဘယ်လိုလုပ်နိုင်သလဲ?

 

beautydrecome myanmar

ကျွန်ုပ်တို့အားလုံးဟာ ကျန်းမာအောင် စားသောက်မယ် ၊ လေ့ကျင့်ခန်းလုပ်မယ် ၊
စိတ်ဖိစီးမှု လျော့နည်းအောင်နေမယ် ၊ အသားအရေကို လှပအောင်ထိန်းသိမ်းမယ် စသဖြင့် ရှိကြပါတယ်

ဒါဆို Glow Skin ရအောင် သင်ဘယ်လိုလုပ်နိုင်သလဲ?

နူးညံ့တောက်ပပြီး အပြစ်အနာအဆာကင်းတဲ့ အသားအရေရရှိဖို့ ခန္ဓာကိုယ်အတွင်းကနေ
အာဟာရဓာတ်ဖြည့်ပေးဖို့ လိုအပ်ပါတယ်

သစ်သီးတွေနဲ့ အစိမ်းရောင်အသီးအရွက်တွေမှာ အရေပြားကို ကာကွယ်ပေးတဲ့ Antioxidant တွေ
ပါဝင်တာကြောင့် တစ်နေ့တာမှာ ထည့်သွင်းစားသုံးပေးဖို့ လိုအပ်ပါတယ်

ဒီနေ့မှာတော့ Glow Skin ရဖို့အတွက် အစားအစာ ၅မျိုးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်

ထောပတ်သီး

ထောပတ်သီးဟာ အသားအရေကို နူးညံ့စေရုံသာမက ရေဓာတ်လည်း ဖြည့်တင်းပေးပါတယ်
ပျားရည်စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ ထောပတ်သီးကို ရောမွှေပြီး အစိုဓာတ်ဖြည့် Mask အဖြစ်သုံးပေးပါက ထူးခြားမှုကို ခံစားရမှာပဲ ဖြစ်ပါတယ်

လိမ္မော်သီး

လိမ္မော်သီးရဲ့အခွံဟာ အတွင်းကအသားထက် Vitamin-C ပိုမိုကြွယ်ဝပါတယ် သူ့မှာ Antimicrobial နဲ့ Antibacterial ဂုဏ်သတ္တိတွေ ပါဝင်တာကြောင့် ကြည်လင်ပြီးတောက်ပတဲ့ အသားအရေကို ပေးစွမ်းနိုင်ပါတယ်
လိမ္မော်ခွံမှုန့် စားပွဲတင်ဇွန်း၁ဇွန်း ၊ ဒိန်ချဉ် စားပွဲတင်ဇွန်း၂ဇွန်း ၊ စန္ဒကူးမှုန့် စားပွဲတင်ဇွန်း၁ဇွန်း နဲ့ လိမ္မော်ရည် (သို့) နှင်းဆီရည် အစက်အနည်းငယ် ရောစပ်ပြီး Mask အဖြစ် အသုံးပြုနိုင်ပါတယ်

 

ရွှေဖရုံသီး

ရွှေဖရုံသီးမှာတော့ Antioxidants, Vitamin A, Vitamin C နဲ့ ဓာတ်သတ္တုတွေ ပါဝင်ပါတယ်
Zinc ဓာတ်ကြွယ်ဝတဲ့ ရွှေဖရုံသီးဟာ ဆဲလ်အသစ်တွေနဲ့ အဆီဓာတ်ထုတ်လုပ်ရာမှာ ကူညီပေးပြီးတော့ အသားအရေကောင်းမွန်စေပြီး ချွေးပေါက်လေးတွေကို ကျဉ်းစေပါတယ်

DIY face mask အနေနဲ့ ရွှေဖရုံသီး စားပွဲတင်ဇွန်း၃ဇွန်း ၊ ပျားရည် စားပွဲတင်ဇွန်းတစ်ဝက် နဲ့ နွားနို့
စားပွဲတင်ဇွန်းတစ်ဝက်ကို ရောစပ်ပြီး ၁၅မိနစ်ကနေ မိနစ်၂၀ခန့်ထားပြီး အသုံးပြုပေးနိုင်ပါတယ်

ခရမ်းချဉ်သီး

ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်တဲ့ ခရမ်းချဉ်သီးမှာ Vitamin A, K, B1, B3, B5, B6, B7 နဲ့ Vitamin C တို့ ပါဝင်ပါတယ် ၎င်းမှာ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်တဲ့ Antioxidant
ပါဝင်တာကြောင့် အလှအပအတွက် အကောင်းဆုံးအရာတစ်ခု ဖြစ်နေတာပါ
အက်ဆစ်ဓာတ်လည်း ကြွယ်ဝတဲ့ ခရမ်းချဉ်သီးဟာ မျက်နှာပေါ်က ချွေးပေါက်တွေကို ကျဉ်းစေပြီး
ဝက်ခြံမဖြစ်အောင် တားဆီးပေးပါတယ်

စတော်ဘယ်ရီ

ဆဲလ်အဟောင်းတွေကို ဖယ်ရှားပေးတဲ့ စတော်ဘယ်ရီဟာ ကော်လဂျင်ဓာတ်ထုတ်လုပ်မှုကို တိုးစေပြီး Vitamin C ပါဝင်တာကြောင့် အရေးအကြောင်းတွေကိုပါ ပျောက်ကင်းစေပါတယ်
သူ့မှာပါဝင်တဲ့ Omega-3 Fatty acids ကလည်း အသားအရေကို ကြည်လင်စေပါတယ်
Cocoa powder စားပွဲတင်ဇွန်း၁ဇွန်း ၊ ပျားရည် စားပွဲတင်ဇွန်း၁ဇွန်း နဲ့ ကြိတ်ချေထားသော စတော်ဘယ်ရီတို့ကို ရောမွှေပြီး မျက်နှာပေါ်မှာ ၁၅မိနစ်ခန့်ထားလိုက်မယ်ဆိုရင်တော့ Glow Skin လေးရရှိမှာ ဖြစ်ပါတယ်